ကြက်သားစားလို့ ဘာကောင်းကျိုး ရမလဲ
ကြော်စားစား၊ ချက်စားစား၊ ပေါင်းစားစား စားလို့ ကောင်းတဲ့ ကြက်သားက နေ့စဉ် အာဟာရ လိုအပ်ချက်ကိုတင် ဖြည့်ပေးနိုင်တာ မဟုတ်ဘဲ ကျန်းမာရေး ကောင်းစေဖို့လည်း အများကြီး ထောက်ကူပေးနေတာပါ။
ဘာကြောင့် ဒီလိုတိတိကျကျ ပြောနေရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။
ကြက်သားစားလို့ ကောင်းကျိုးထူးမှာပါ
ပရိုတင်း၊ သံဓာတ်၊ ဗီတာမင် နဲ့ သတ္တုဓာတ်တွေ ပါဝင်နေတဲ့ ကြက်သားက အာဟာရတန်ဖိုး မြင့်သလို အခုလို အကျိုးထူးတွေလည်း ရရှိစေနိုင်ပါတယ်။
ကြွက်သားတက်စေတယ်
ပရိုတင်း ကြွယ်ဝတဲ့ ကြက်သားကို ကြွက်သားတက်ချင်သူတွေ စားပေးလို့ ရပါတယ်။ အရေခွံ ဖယ်စားဖို့တော့ မမေ့ပါနဲ့။
အရိုးသန်မာစေတယ်
ကယ်လ်ဆီယမ်နဲ့ ပရိုတင်း ပါဝင်နေတာက အရိုးပါးတာ၊ အရိုးပွတာမျိုးတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။
ကိုယ်ခံအား ကောင်းစေတယ်
ပရိုတင်း နဲ့ ဇင့်ဓာတ် ကြွယ်ဝမှုက ကိုယ်ခံအားကောင်းစေဖို့ အားဖြည့်ပေးပြီး ဖျားနာမှု ကင်းစေဖို့ ကာကွယ်ပေးမှာပါ။
သွေးအားကောင်းစေတယ်
ကြက်သားက သံဓာတ်ပြည့်ဝစေဖို့ အားဖြည့်ပေးပြီး ကိုယ်တွင်းမှာ သွေးနီဥဆဲလ် တိုးစေတာကြောင့် သွေးအားနည်းရောဂါ မဖြစ်အောင် ကာကွယ်ချင်သူတွေ သောက်ပေးလို့ ရပါတယ်။
စိတ်ဖိစီးမှု ပြေလျော့စေတယ်
ဗီတာမင် ဒီပါဝင်နေတာကြောင့် စိတ်ဖိစီးမှု ပြေလျော့စေဖို့ ထောက်ကူပေးမှာပါ။
နှလုံး ကျန်းမာစေတယ်
ကြက်သားမှာ ပါဝင်နေတဲ့ အာစာရတွေက သွေးတွင်းအဆီတွေကို ကျဆင်းစေပြီး နှလုံးသွေးလည်ပတ်မှု ကောင်းစေဖို့ လုပ်ဆောင်ပေးပါတယ်။
အာရုံကြော ကျန်းမာစေတယ်
ကြက်သားစားတာက အာရုံကြောအတွက် ဗီတာမင် ဖြစ်တဲ့ သီရာမင်းကို ရရှိစေနိုင်တာကြောင့် အာရုံကြောလုပ်ငန်းစဉ်တွေ ကောင်းမွန်စေဖို့ ထောက်ကူပေးပါတယ်။
ရာသီလာချိန် နာကျင်ကိုက်ခဲတာကို သက်သာစေတယ်
ကြက်သားမှာ ပါဝင်နေတဲ့ မဂ္ဂနီဆီယမ်က ရာသီလာစဉ် ကိုက်ခဲတာ ရာသီအကြိုလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။
ကျားဟော်မုန်း တိုးစေတယ်
ကြက်သားမှာ ဇင့်ဓာတ်ပါတာကြောင့် အမျိုးသားတွေမှာ တက်စထရိုစတုန်းလို့ခေါ်တဲ့ ကျားဟော်မုန်း တိုးစေဖို့ လုပ်ဆောင်ပေးပါတယ်။
ကြက်သားကို ကျန်းမာရေးနဲ့ ညီညွတ်စေဖို့ ဆီနည်းနည်းနဲ့ ချက်တာ၊ ပြုတ်စားတာ၊ ပေါင်းစားတာတွေ လုပ်ပေးတာက အကောင်းဆုံး ဖြစ်မှာပါ။
မွန်မွန်